Skip to main content
စဉ် အဆိုတင်သွင်းသည့် ရက်စွဲ ပုံမှန် အမည်/မဲဆန္ဒနယ် အကြောင်းအရာ မှတ်ချက်
1
29/06/2016
ပထမပုံမှန်
မြန်အောင်(၁)

ဧရာဝတီတိုင်းဒေသကြီးအထက်ပိုင်းဖြစ်သော ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ဟင်္သာတနှင့် ဇလွန်မြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးနေဒေသခံပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း ကျောက်များကို လိုင်စင်စည်းကမ်းဘောင်ကိုကျော်လွန်၍ ကျောက်များကိုစုပ်ယူနေခြင်း၊ ကျောက်မစုပ်ရလို့ သတ်မှတ်ထားသောနယ်မြေများတွင် စုပ်ယူနေခြင်း၊ ဒေသခံပြည်သူများက ဥပဒေမဲ့ကျောက်စုပ်ခြင်းကိုတိုင်းကြားသော်လည်း အရေးမယူခြင်း၊ အရေးယူသော်လည်း ထိရောက်စွာအရေးမယူခြင်းတို့ကြောင့် မြစ်ကမ်းပါးများသည် သဘာဝလွန်ကာ အမြန်ကမ်းပြိုခဲ့ပါသည်။ ထို့ကြောင့် ဒေသခံပြည်သူများသည် စီးပွားရေး၊ ရေဘေးအန္တရာယ်နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးစသော ကိစ္စများ အချိန်နှင့်အမျှ ထိခိုက်နစ်နာနေရသောကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေနှင့် ယခုနှစ်လိုင်စင်အသစ်များ ထုတ်ပေးသောအခါ အဓိကပျက်စီးနေရာများတွင် လိုင်စင်များ ရုတ်သိမ်းခြင်း၊ ဌာနဆိုင်ရာပညာရှင်များကို ကွင်းဆင်းစစ်ဆေးအတည်ပြုစေခြင်း၊ ဥပဒေနှင့်အညီ မထုတ်လုပ်သူများကို ထိရောက်စွာအရေးယူခြင်းနှင့် ထုတ်ပေးသောလိုင်စင်အပေါ် တိုင်းဒေသကြီးအစိုးရအနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို။

တိုက်တွန်း
2
28/06/2016
ပထမပုံမှန်
အိမ်မဲ(၁)

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် အရည်အသွေးပြည့်ဝမှုမရှိခြင်း၊ စံချိန်စံညွှန်းမမီသော အဆောက်အဦးများကိုဒေသတိုင်းတွင် တွေ့ရှိရပါသဖြင့် ယခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရာတွင် အရည်အသွေးပြည့်မီစွာ ရရှိနိုင်ပြီး ဒေသခံပြည်သူများ ရေရှည် အကျိုးရှိစေရေး၊ နိုင်ငံတော်အတွက်လည့် ရေရှည်အကျိုးရှိသော အဆောက်အဦးများ ဖြစ်ပေါ်စေရေးတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို

တိုက်တွန်း
3
01/06/2016
ပထမပုံမှန်
လေးမျက်နှာ(၁)

ငဝန်မြစ်ရေကာတာအတွက်ပြည်သူများစိုးရိမ်ကြောင့်ကျနေမှု လျော့ပါးကင်းဝေးစေရေးအတွက် ငဝန်ရေကာတာအားမိုးမကျမီလုပ်ငန်းဆောင်ရွက်နိုင်သော အချိန်တိုကာလအတွင်း အားသွန်ကြိုးပမ်း၍ ပြုပြင်မွန်းမံဆောင်ရွက်ပေးပါရန်နှင့် မိုးရာသီကာလတွင် တွေ့ကြုံလာနိုင်သည့် ရေဘေးအန္တရာယ်အား ထိရောက်စွာကူညီကာကွယ်ဆောင်ရွက်သွားနိုင်ရေး ကြိုတင်ဆောင်ရွက်သွားနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို။

တိုက်တွန်း

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး