Skip to main content
ဦးသိမ်းဆွေ

ဖျာပုံမြို့နယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ်
ဒုတိယအကြိမ်
၂။ အမည်
ဦးသိမ်းဆွေ
၃။ အခြားအမည်ရှိလျှင်
မင်းစိုး
၄။ လူမျိုး/ဘာသာ
ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်
၁၄/ဖပန(နိုင်) ၀၀၃၇၆၁
၆။ မွေးသက္ကရာဇ် / အသက်
၂၉-၀၉-၁၉၆၇ / (၅၁) နှစ်
၇။ မွေးဖွားရာဇာတိ
ဖျာပုံမြို့
၈။ ပညာအရည်အချင်း
B.Sc (Maths)
၉။ လက်ရှိအလုပ်အကိုင်
နိုင်ငံရေး
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင်
ဦးမင်းဆွေ၊ ၁၄/ဖပန(နိုင်) ၀၀၃၇၅၈၊ (အငြိမ်းစား) အထက်တန်းပြ
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင်
ဒေါ်စိန်တီ၊ ၁၄/ဖပန(နိုင်) ၀၀၇၀၇၅၊ (အငြိမ်းစား) အလယ်တန်းပြ
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင်
ဒေါ်သင်းမိုးမိုးလွင်၊ ၁၂/ဥကတ(နိုင်) ၁၃၀၅၈၈၊ သပြေညို ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်း
၁၃။ အမြဲတမ်း နေရပ်လိပ်စာ
အမှတ်(၄၀)၊ ဒုတိယလမ်း၊ (၆)ရပ်ကွက်၊ ဖျာပုံမြို့၊ ဧရာဝတီတိုင်းဒေသကြီး
၁၄။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၅။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ်
ဖျာပုံမြို့နယ်
ကိုယ်ရေး အကျဉ်း

- ၁၉၇၂ မှ ၁၉၇၆ ထိ စံပြမူလတန်းကျောင်း၊ မြို့မမူလတန်းကျောင်း၊ ၁၉၇၇ မှ ၁၉၈၅ ထိ  အထက(၁)ဖျာပုံ၊ ၁၉၈၆ မှ ၁၉၉၃ ထိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေနယ်နှင့် ပင်မ) တို့တွင် ပညာသင်ကြားခဲ့ပါသည်။

- ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း(သင်တန်းဆရာ)၊ ဒေးဒရဲမြို့နယ်၊ လေးအိမ်တန်း တွဲဘက် အ.လ.က တွင် ရွာခန့်ဆရာ၊ ဘုန်းတော်ကြီးသင် သမိုင်းမြို့မကျောင်းတွင် အခမဲ့စာသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

- ၁၉၈၉-၁၉၉၀ တွင် ဖျာပုံမြို့နယ်၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီတွင် အတွင်းရေးမှူး၊ ၁၉၈၉-၁၉၉၂ အထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွင် ဖျာပုံမြို့နယ်နှင့် ဖျာပုံခရိုင်တွင်လည်းကောင်း၊ ၁၉၉၅ မှ ယနေ့အချိန်                အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်း စည်းအဖွဲ့ဝင်၊ တိုင်းလူငယ် တာဝန်ခံ၊ ဗဟိုလူငယ်အထောက်အကူပြုအဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

- ၁၉၈၉-၁၉၉၁ ထိ ရဲစခန်းအချုပ်၊ ပုဒ်မ ၅ (ည)၊ ၅(၁)(စ)(ဆ)၊ ခြေချုပ်(၂)နှစ်။

- ၁၉၉၁ တွင် အင်းစိန်သီးသန့်ထောင် ၅(ည)ဖြင့် ထောင်(၁၀)နှစ်။

- ၁၉၉၆ မှ ၁၉၉၉ အထိ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေဖြင့် ဖျာပုံထောင် တွင် (၃)နှစ် (၉)လ၊ ၂၀၀၀-၂၀၀၁ တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ အကျယ် ချုပ် (၁)လနှင့် အင်းစိန်ထောင်တွင် ပုဒ်မ ၅(ည)ဖြင့် အချုပ် (၄)လ။

- ၂၀၀၇-၂၀၁၁ ထိ ရွှေဝါရောင် သံဃာလှုပ်ရှားမှုဖြင့် (၆) နှစ်ခွဲ ကျခံခဲ့ရပြီး အင်းစိန် ထောင်နှင့် စစ်တွေထောင်တို့တွင် နေထိုင်ခဲ့ရပါသည်။

- ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ် စားပြု၍ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁၀) တွင် ရွေးချယ်တင်မြှောက် ခံရပါသည်။

- ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)တွင် ထပ်မံ  ရွေးချယ်တင်မြှောက်ခံရပါသည်။

16.280409, 95.680415

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး